ညောင်လေးပင်မြို့နယ် မြို့မစျေးကြီးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးခြင်းနှင့်လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်

ညောင်လေးပင် နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့မစျေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းများဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညောင်လေးပင်မြို့ မစျေးကြီးမီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုဌေးနှင့်ဝန်ထမ်းများ၊ စျေးကော်မတီအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူးမှ ဈေးသူဈေးသားများကို စျေးအတွင်းမီဖိုမီးများ အသုံးမပြုစေရေး၊ လျှပ်စစ်မီးပူများ အသုံးမပြုစေရေး၊ စျေးအတွင်း မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးနှင့် ဈေးကြီးအတွင်းမီးဘေးလုံခြုံရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို ဈေးသူ၊ ဈေးသားများအား လိုက်လံအသိပေးစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက် )