ဖြူး နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၉) နာရီခွဲက စည်ပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအေးဇော်အောင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ချက်များ၊ မဲပေးစက်ဆိုင်ရာလုပ်ငန်းစဥ်များကို စာတွေ့၊ လက်တွေ့ ရှင်းလင်းပို့ချပေးရာ တက်ရောက်လာကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ်တာဝန်ယူကြမည့် ဆရာ/ဆရာမ သင်တန်းသား/သင်တန်းသူများမှ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့ထိ သင်တန်းသား/သင်တန်းသူ (၁၆၄) ဦး တက်ရောက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)