ထန်းတပင်မြို့နယ်၌ မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ထန်းတပင် နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိမင်္ဂလာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။ ဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးသက်ဦးဟန်က သင်တန်းကို ပို့ချခဲ့ရာ မဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ဒုတိယမဲရုံမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ မဲပေးစက်လုပ်ငန်းစဥ်များနှင့် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းသား သင်တန်းသူ (၆၅) ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ကြာပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)