ရေတာရှည် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုနှင့် မဲရုံနေရာထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကကျေးရွာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများဒုတိယအကြိမ် ကြေညာထားခြင်းကို နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင်ပါရှိမှု ရှိ၊ မရှိ လာရောက်ကြည့်ရှုပြီး မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊ အချက်အလက်များ မှားယွင်းမှု ရှိပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ခွဲမှ မှာကြားသည်။
ထို့နောက် ထန်းကုန်း၊ ဇလုပ်ကြီး၊ သပြေတန်း၊ ညောင်ပင်သာ၊ တောင်နီ၊ပေါက်ချောင်း၊ ကျောက်ချောင်း၊ ခင်တန်းကြီး၊ မြောက်နန်ချွန်ကြံသနွယ်ကျေးရွာများတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့်မဲရုံနေရာများထားရှိမှုကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)