ရေတာရှည် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပျိုးပင် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်ကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ကော်ဖီစိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်၊ ကော်ဖီစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ဖြန့်ဝေသည့် ပျိုးပင်များအား ရှင်သန်စေရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက မြို့နယ်ဌာနဆိုင်ရာများအား မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ ကော်ဖီပျိုးပင် (၅၆၉) ပင်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)