မြို့သစ် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအတွက် လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဒေါ်ဆွဲမိက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့််မဲရုံအဖွဲ့ဝင်များအတွက် လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် သင်တန်းဆက်လက်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ပါ အကြောင်းအရာများ၊ ထိန်းချုပ်စက်ကိုင်တွယ်သူအတွက် လုပ်ငန်းစဉ်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ပါ အကြောင်းအရာများအား Projector ဖြင့်ရှင်းလင်းပြသ၍ သင်တန်းကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသို့ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များ စုံလင်စွာ တက်ရောက်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)