ရွှေတောင် နိုဝင်ဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကွေ့မတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျေးလက်နေပြည်သူများအား ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပြည်မြို့ကုတင် (၅၀၀) ဆံ့ ထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်တို့မှ အထူးကုဆေးကုသမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်စွတ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အထူးကုဘာသာရပခ်အလိုက်အထွေထွေရောဂါ၊ ခွဲစိတ်၊ သားဖွားနှင့်မီးယပ်၊ ကလေးအရိုးအကြော၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ သွားနှင့်ခံတွင်း၊Mobile USG စသည့်တို့အား အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ ကွေ့မတိုက်နယ်ဆေးရုံနယ်မြေအတွင်းရှိ ကျေးလက်နေပြည်သူစုစုပေါင်း (၇၀၀) ကျော်တို့အား အခမဲ့ကွင်းဆင်း ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)