ပုသိမ် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများသည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းပိုင်း၊ မိုင်တိုင် (၁၈/ဝ မှ ၃၅/၀)ထိ (၁၇)မိုင်အား မူလ (၁၈) ပေအကျယ်မှ (၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းပိုင်း၊ မိုင်တိုင် (၁၈/၃)တွင် (၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လမ်းလုပ်သားများနှင့် စက်ယန္တရားအသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းပိုင်း၊ မိုင်တိုင်(၃၀/၀)တွင် ( ၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လမ်းလုပ်သားများနှင့် စက်ယန္တရားအသုံးပြု၍ လုပ်ငန်းဆောင်ရွက်အခြေအနေများကိုလည်းကောင်း ၊ မိုင်တိုင် (၂၄/၆)တွင် (၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လမ်းလုပ်သားများနှင့် စက်ယန္တရားအသုံးပြု၍ မြေပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ရှင်းလင်းဆောင်သို့ရောက်ရှိ၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) က လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန်၊ လမ်းပုခုံးများ သတ်မှတ်ချက်များနှင့်အညီဖြစ်ရေးနှင့် စနစ်တကျရှိစေရေးဆောင်ရွက်ရန်၊ လမ်း ဘေးဝဲယာရှိရေမြောင်းများစနစ်တကျရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာအမှိုက်များ၊ မြက်ပင်များ စနစ်တကျရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)