မြို့သစ်မြို့နယ်၌ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ဓါတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မြို့သစ် နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်ဓါတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲကိုယမန်နေ့နေ့လယ် (၁) နာရီက မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးစာအုပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ လေ့လာဖတ်ရှုသင့်သည့် မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးဆိုင်ရာအကြောင်းအရာများ၊ ကာတွန်း၊ ရုပ်ပြ၊ စာစောင်၊ ပုံပြင်များ ယခုဆောင်ရန်၊ရှောင်ရန်အချက်များ သိရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများ ပြသရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)