ဆိပ်ဖြူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်ကြေညာထားရှိကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကို ပထမအကြိမ် ကြေညာဆောင်ရွက်ခဲ့ပြီးဖြစ်၍ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပထမအကြိမ် ကြေညာထားရှိသည့် မဲဆန္ဒရှင်စာရင်းမှ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ဆန္ဒမဲပေးနိုင်နိုင်ရန် မဲစာရင်းပြည့်စုံ မှန်ကန်စေရေးအတွက် မဲစာရင်းတွင်မပါဝင်သူများ မဲစာရင်ပါဝင်ရေးတောင်းဆိုခြင်း၊ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် အချက်လက်လွဲမှားနေမှု ပြင်ဆင်လွှာဖြင့် လျှောက်ထားခဲ့ခြင်း၊ မဲစာရင်းတွင်ပါသင့်သူများ ပါဝင်နေသူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်လျှောက်ထားမှုတို့ကို စိစစ်ပြင်ဆင်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရှိမှာ ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မိမိတို့မဲစာရင်းများလာရောက်ကြည့်ရှု၍ မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန်တောင်ဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းအချက်လက်လွဲမှာယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းလျှောက်ထားရမှာဖြစ်ပြီး၊ လိုအပ်သောလျှောက်လွှာပုံစံများကို ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် (အခမဲ့)ရယူ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံလျှောက်ထားတင်သွင်းရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုကို မိမိတို့၏ မဲစာရင်းပါရှိမှုနှင့် အချက်လက်ပြည့်စုံမှန်ကန်မှုတို့ကို လာရောက်ကြည့်ရှုလျက်ရှိကြောင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲခွဲရုံးများထံမှ သိရှိရသည်။
သူရိန်