ကသာမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ကသာ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒသကြီး၊ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဲရုံမှူး၊ ဒုမဲရုံမှူး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦကျော်စွာထွန်းက အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်ပနိုင်ရေးအတွက် လွတ်လပ်၍ တရားမျှတသော‌ ရွေးကောက်ပွဲဖြစ်စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ကြရန်နှင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ သိရှိနားလည်နိုင်ရန်အတွက် သင်တန်းပို့ချချက်များကို စိတ်ပါဝင်စားစွာ မှတ်သားလိုက်နာဆောင်ရွက်မှသာ လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများကသင်တန်းတွင် ကော်မရှင်အဖွဲ့အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲပြစ်မှုပြစ်ဒဏ်များ၊ မဲရုံးမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ပို့ချကြရာသင်တန်းသား (၆၀)ဦးရှိပြီး သင်တန်းကို နိုဝင်ဘာ (၂၂)ရက်မှ (၂၃)ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)