မင်းကင်းမြို့တွင် ဒုတိယအကြိမ်၊ မဲဆန္ဒရှင်စာရင်း ကြေငြာထားရှိမှုများအား လိုက်လံကြည့်ရှု

မင်းကင်း       နိုဝင်ဘာ         ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက်သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုနှင့် မဲဆန္ဒရှင် ပြည်သူများကလာရောက်ကြည့်ရှုနေမှု အခြေအနေကို ယနေ့ညနေပိုင်းက မင်းကင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ‌ ခေတ္တဥက္ကဋ္ဌ ၊မြို့နယ်ကော်မရှင်အဖွဲ့ခွဲ မှ ဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေငြာခြင်းကို နိုဝင်ဘာလ(၂၁) ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေငြာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများကို ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ကွင်းဆင်း လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

မင်းကင်းမြို့နယ်တွင် မဲရုံပေါင်း(၁၅)ရုံရှိပြီးဒုတိယအကြိမ်ကပ်ထားကြေငြာသည့် မဲဆန္ဒရှင်   ဦးရေပေါင်း( ၇၀၈၄ )ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

မြို့နယ်(ပြန်/ဆက်)