လပွတ္တာမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် (ဒုတိယ)အကြိမ်မဲစာရင်းများ ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှု

လပွတ္တာ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၈၂) အုပ်စု၊ မဲဆန္ဒရှင်စုစုပေါင်း (၁၆၅၀၀၃) ဦး၊ မဲရုံစုစုပေါင်း (၂၂၆) ရုံ ရှိကြောင်းနှင့် မဲစာရင်းများဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာဘာလ (၄) ရက်နေ့ထိ (၁၄) ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မူမူ