ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာခြင်းနှင့် ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်အသိပေး

ရေဦး နို၀င်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း(၂)တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင် အမည်စာရင်းများကို ယနေ့နို၀င်ဘာ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာပေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထား‌ကြေညာမှုအား ဒေသခံပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး ရွေ့လျား‌မော်တော်ယာဉ်ဖြင့် လည့်လည်နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မဲစာရင်းများကို နို၀င်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကပ်ထားကြေညာပေးထားမည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းလွဲမှားနေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ မှတ်ပုံတင်နံပါတ်လွဲမှားနေခြင်း၊ မဲစာရင်းတွင် သေဆုံးသူများ ပါရှိနေခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတာ၀န်ရှိသူများထံ အသိပေး အကြောင်းခြင်းများ ပြုလုပ်ရန်နှင့် မဲစာရင်းများမှန်ကန် တိကျမှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း စသည့် အချက်များကို အသိပေးနှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

ရေဦးမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုတို့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်း (ရေဦး)