မော်လိုက် နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ မွန်းတည့် (၁၂) နာရီက မော်လိုက်မြို့ ပြည်သူ့အားကစားရုံ မိုးလုံလေလုံခန်းမ၌ ကပ်ထားကြေညာခဲ့ရာ ဒေသခံပြည်သူများက မဲစာရင်းများကိုကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာ၌ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံး ရှံးမှုမရှိစေရေးတို့အတွက် မဲစာရင်းများကို(ဒုတိယအကြိမ်) နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာ လ(၄)ရက်နေ့အထိ မော်လိုက်မြို့ပြည်သူ့အားကစားရုံ မိုးလုံလေလုံခန်းမ၌ ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း၊ မဲစာရင်းများကပ်ထား ကြေညာထားခြင်းကို မဲဆန္ဒရှင် ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်လိုသည့်အချက်အလက်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံတောင်းခံ၍ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါ မဲစာရင်းကပ်ထားကြေညာထားရာနေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)