ရေစကြိုမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်ကုသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရေစကြို နိုဝင်ဘာ ၂၁

ရေစကြိုမြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်ယုယုထွေးက ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးစောင့်ရှောက်ကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ရေစကြိုမြို့၊ သုခဝတီရပ်ကွက်၊ အမှတ် (၁၆၇) မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမှတ် (၁၆၇) မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂၄ ဦးအား မြို့နယ်တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်ယုယုထွေးက ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးခဲ့ပြီး အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါကာကွယ်ရန် နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေဇင်မို့(ရေစကြို)