သဲကုန်း နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများကိုတောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ (၁၇) ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိပြီး ကျပ် (၉၀၂၆၀၀၀၀၀) သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကြေပေးဆပ်သူ တောင်သူများကို ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် တစ်ဧကလျှင် (၁၀၀၀၀၀) နှုန်း ထုတ်ချေးပေးလျက်ရှိပြီး ယနေ့တွင် သဲကုန်းမြို့နယ်ရှိ ကျေးရွာ (၁၁) အုပ်စုမှ တောင်သူ (၁၈၃၄) ဦး၊ ဆောင်းသီးနှံစိုက်ပျိုးဧက (၁၀၃၃၀) ဧကအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ်သိန်း (၁၀၃၃၀၀၀၀၀၀) သိန်း ထုတ်ချေးပေးမည်ဖြစ်ရာ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကျေးရွာအုပ်စု (၅) အုပ်စုမှတောင်သူ (၁၆၂၁) ဦးအတွက် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေ (၉၀၂၆၀၀၀၀၀) သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကိုကျော်(ပြန်/ဆက်)