ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ဘုတ်ပြင်း နိုင်ဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ထောင်မွန်ကျေးရွာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အ.မ.က-ထောင်မွန်ကျောင်းအုပ်ဆရာကြီး ဦးထက်နိုင်ဇော်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်သည်များကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ပညာရေးကို ဦးစားပေးသင်ကြားကြရမှာဖြစ်ပြီး အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများသိရှိထားရမည့်အချက်များ၊ ကလေးဆိုတဲ့အဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်အရွယ်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားအများဆုံးဖြစ်ပေါ်နေမှု၊ ဘေးအန္တရာယ်ရှိနေတဲ့ကလေးအလုပ်များနှင့် အဆိုးရွားဆုံးပုံစံဖြင့်စေခိုင်းနေမှုများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးပြောကြားခဲ့သည်။

ယင်းနောက် ကလေးအလုပ်သများလျော့နည်းပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ပလတ်စတစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)