သရက်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

သရက် နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါသင်တန်းတွင် သရက်ခရိုင်နှင့် မြို့နယ် (၅) မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ နည်းပြဆရာဖြစ်သင်တန်း တက်ရောက်ကြသည့် (၁၈) ဦးအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့က ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ပို့ချဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပို့ချရာတွင် ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်၊ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ အီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းလက်စွဲပါဆောင်ရွက်ချက်များနှင့် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ ဆောင်ရန်၊ ရှောင်ရန်များအား နားလည်သိရှိလိုက်နာဆောင်ရွက်တတ်စေရေး အသီးသီး သင်တန်းပို့ချဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မောင်လုလင်(သရက်)