အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်တိုက်နယ်အတွင်း မဲရုံအဖြစ်ဆောင်ရွက်မည့် နေရာများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

အောင်လံ နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်တိုက်နယ်အတွင်း မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကသစ်ကန်နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မဲရုံတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိစေရေး အကြံပြုပြောကြားခဲ့ပြီး၊ အရေးပေါ်မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျအသုံးပြု၍ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းနှင့် မီးဘေးလုံခြုံရေးစနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)