ရေဖြူ နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ သစ်တောဦးစီးဌာနက ကြီးမှူး၍ သစ်တောထိန်းသိမ်းရေးတောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ-ထ-က၊ ရေဖြူကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ရေဖြူမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်လင်းအောင်က သစ်တောထိန်းသိမ်းရေးတောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းရင်းများ မီးခိုးမြူငွေ့အမျိုးအစားများ၊ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ Fire Hotspot များနှင့် သစ်တောထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များလျှော့ချနိုင်မှုဖြင့် ကြိုတင်ကာကွယ်ခြင်း ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)