ကော့သောင်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့

ကော့သောင်း နိုဝင်ဘာ ၁၉

‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့‌ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို နိုဝင်ဘာ (၁၇) ရက်နေ့ နံနက်ပိုင်း၌ ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် အမျိုးသမီးများအပေါ် ဒီဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်း‌ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် ကော့သောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အဆိုပါစာစီစာကုံးပြိုင်ပွဲ‌ကျင်းပ‌နေမှုအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)