ပခုက္ကူမြို့၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

ပခုက္ကူ နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ သွားရောက်ပညာဆည်းပူးမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ယနေ့နံနက်ပိုင်းက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးကြသည်။

ထိုသို့ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူ များက လျှို့ဝှက်မဲပုံးတွင် မိမိတို့နှစ်သက်ရာပါတီကို ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်