သနပ်ပင်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သနပ်ပင် နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ(၁) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးပိုင်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ချောမွေ့မှန်ကန်စေရန်၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရား များကို ရှင်းလင်းပြတ်သားစွာနားလည်ပြီး စနစ်တကျထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃)ရက်ကြာ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)