ဘုရားသုံးဆူမြို့ အ.ထ.က ခွဲကျောင်းတွင် ကျောင်းသားများအား ပန်းချီနှင့် ကွန်ပျူ တာသင်တန်း ဖွင့်လှစ် သင်ကြား

ဘုရားသုံးဆူ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့၊အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးရှိ  အ.ထ.က (ခွဲ)ကျောင်းတွင် ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်အရ ကျောင်းပိတ်ကာလအတွင်း ကလေးငယ်များအားအကျိုးရှိစေရန်ရည်ရွယ်၍ ပန်းချီနှင့် ကွန်ပျူတာသင်တန်းကို ယနေ့ နံနက်၉နာရီမှ၁၁နာရီထိသင်ကြားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဆောင်ရွက်မှုအာအ.ထ.က(ခွဲ)ကျောင်းအုပ် ဆရာကြီး ဦးမြင့်သူ၏ကြီးကြပ်မှုဖြင့် ၆ တန်း၊ ၇ တန်း၊ ၁၀ တန်း ကျောင်းသား/သူများအားကွန်ပျူတာသင်တန်းနှင့်ပန်းချီသင်တန်းများဖွင့်လှစ်၍ အခြေခံ ပန်းချီရေးဆွဲခြင်းနှင့် စာစီစာရိုက်ပညာရပ် များအား သက်ဆိုင်ရာပညာရပ် အလိုက် ဆရာမ များမှအသီးသီးသင်ကြားပြသခဲ့ပြီးသင်တန်းကာလအနေဖြင့် ဒီဇင်ဘာ(၂၈) ရက်နေ့မှ ဇန်နဝါရီလ (၇)ရက်နေ့ထိသင်ကြားမှာဖြစ်ပြီးသင်တန်း သား ကျောင်းသားကျောင်းသူ စုစုပေါင်း (၄၂)ဦးတက် ကြောင်းသိရှိရပါသည်။

အောင်သူဟိန်း