မုံရွာ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုလွင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်ပေးကြပြီး ဘင်ခရာ/ပန်းပွားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ထာဝရသစ္စာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေနေမှု၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ သင်တန်းသား/သင်တန်းသူများက ကရာတေးနှင့် လက်ဝှေ့ အားကစားနည်းများဖြင့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲများ ယှဉ်ပြိုင် နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲများတွင်ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများ သုတရသစာအုပ် စာစောင်များ ဖတ်ရှုလေ့လာနေမှုများနှင့် စာအုပ်စာစောင်များ စနစ်တကျထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ သိပ္ပံပြခန်း၊ သင်ထောက်ကူပစ္စည်းများပြခန်း၊ ဒေသထွက်ကုန်ပြခန်းများ၌ ကျောင်းသား၊ကျောင်းသူများ၏ လက်တွေ့သရုပ်ပြသမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်းနှင့် စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိယှဉ်ပြိုင်နေမှု၊ ပုံပြင်ပြောပြိုင်ပွဲယှဉ်ပြိုင်နေမှု၊ ကျပန်း စကားပြောပြိုင်ပွဲ ယှဉ်ပြုင်နေမှုများနှင့် စာဖတ်ဝိုင်းကျများ ကျင်းပနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုဂ္ဂလိကစာအုပ် ဆိုင်များမှ သုတ/ရသစာအုပ်စာစောင်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများအား နံနက်စာ အအေးနှင့်မုန့်များ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့နိုင်ငံသည် ရာသီဥတုမျှတမှု၊ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတပေါကြွယ်ဝမှု၊ ရေချိုရေ ငန်ပိုင်ဆိုင်မှုစသည့် သဘာဝအခြေခံကောင်းတွေအား ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပါကြောင်း၊ ယခုလိုအခြေခံကောင်းများအား အကျိုးရှိစွာ အသုံးချနိုင်သည့် လူသားအရင်းအမြစ် များလိုအပ်ပြီး တစ်နည်းအားဖြင့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ ဖြိုးတိုးတက်ပြီး အနာဂတ်ဘဝတစ်လျှောက်လုံးတွင် လူတစ်လုံးသူတစ်လုံး ရပ်တည်ရှင်သန်နိုင်စေရန်နှင့် နိုင်ငံ့အတွက် သားကောင်း၊ သမီးမွန်ရတနာများ ဖြစ်လာစေရန် လိုအပ်သည့် အရည်အသွေး၊အရည်အချင်းများ ဖြည့်ဆည်းပေးသွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ယခုလိုကျောင်းစာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များမှတစ်ဆင့် စာပေချစ်မြတ် နိုးသည့် အလေ့အထကောင်းများရရှိကာ စာပေဆိုင်ရာပြိုင်ပွဲများမှတစ်ဆင့် အသိပညာ ဗဟုသုတများ တိုးပွားရရှိပြီး ပညာရည်ပြည့်ဝသူများ ဖြစ်လာစေရန်နှင့် ကျောင်းစာကြည့် တိုက်များအားအသုံးပြုကာ စာပေဖတ်ရှုသည့် အခြေခံကောင်းများ ရရှိပိုင်ဆိုင်ကြပြီး နိုင်ငံ့ သားကောင်း၊သမီးမွန်များ ဖြစ်လာကြစေရန် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ညွှန်ကြားရေးမှူးထံ ငွေကျပ်- ၆၃၂၀၀၀၀ (ခြောက်ဆယ်သုံးသိန်းနှစ်သောင်း)ကျပ်အားလည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွက် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ်- ၁၀ သိန်းနှင့် သုတ၊ ရသစာအုပ်(၁၀၀)အား လည်းကောင်း၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် မြို့နယ်ပညာရေးမှူးထံ ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၁၀၀)အား လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ပညာရေးမှူးက ကျောင်းပြင်ပပညာရေး ကျောင်းသား၊ ကျောင်းသူများအတွက် တာဝန်ခံဆရာမကြီးထံ ကျောင်းသုံ ဗလာစာအုပ် ဒါဇင်(၁၆၀)အား ပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်မျာအား ပေးအပ် ချီးမြှင့်ကြပြီး “စာဖတ်ဝိုင်း”တွင် ဦးဆောင်ဆွေးနွေးခဲ့သည့် ဆရာ ၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၏ ဒိုးပတ်အဖွဲ့နှင့် တေးသီချင်း များဖြင့် သီဆိုကပြဖျော်မှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက သီဆိုကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)