မြိတ် နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။
မသန်စွမ်းသူများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် “လူမှုဘဝမြှင့်မားရေး မသန်စွမ်းသူအားလုံး ပါဝင်သော လူ့အဖွဲ့အစည်းများဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၁၇) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ ဖြေဆိုယှဉ်ပြိုင်နေမှုအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မုန့်နှင့်အအေး ဝေငှပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)