ကျွန်းစုမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာပညာပေးသင်တန်း ဖွင့်လှစ်

ကျွန်းစု နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာပညာ‌ပေးသင်တန်းကို နှစ်ရက်ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကို စတင်ခဲ့သည်။ သင်တန်းတွင် မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး ၁၉၀ ဦးအား မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ငန်းလက်စွဲများ၊ MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းများကို  နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၂ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ‌မည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ပြန်/ဆက်)