ကော့သောင်း နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော့သောင်းခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၁)နာရီခွဲခန့်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်၊ မြို့မအားကစားကွင်းသို့သွားရောက်၍ အားကစားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများက မြို့မအားကစားကွင်း ပြင်ဆင်မည့်လုပ်ငန်းအစီ အမံများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များဆွေးနွေးမှာကြားသည်။ ယင်းနောက်တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ခရိုင်အားကစားဖွံ့ဖြိုးတက်ရေးအတွက် အားကစားကွင်းသာယာလှပရေးပြင်ဆင်ရန် ချီးမြှင့်ငွေသိန်း (၅၀၀) ကျပ်အား ခရိုင် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ထံ ပေးအပ်ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြို့မအားကစားကွင်းအားလှည့်လည်ကြည့်ရှုပြီး အားကစားကွင်းပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)