ပခုက္ကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပခုက္ကူ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်ချို၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့်ဝန်ထမ်းများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူအားလုံး မဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး အသက် (၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)