တောင်ငူမြို့နယ်၌ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက် ဆောင်ရွက်

တောင်ငူ နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့ (၁၀) ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ကျေးရွာများ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းထားရှိသည့်အဖွဲ့ (၁၀) ဖွဲ့တွင် ပါဝင်သည့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက အမှတ် (၃၀၂၉) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ ခလရ (၂၆) ၊ကွန်ပျူတာတက္ကသိုလ်၊ တောင်ငူမြို့ အမှတ် (၂) ရပ်ကွက်၊ နန်းကလျာလမ်း၊ အမှတ် (၁၁) ရပ်ကွက်၊ နန်းတော်ဦးဈေး၊ အမှတ် (၂၀) ရပ်ကွက်၊ ဓာတုကလျာဈေး၊ ဆူးတပ်ကျေးရွာအုပ်စု၊ ကတုတ်ကျောင်း၊ နေပူကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းဈေးရှေ့၊ ဇီးဒိုင်းကျေးရွာအုပ်စု ဇောတိကျေးရွာတို့၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့မဲပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)