နေပြည်တော် နိုဝင်ဘာ ၁၄
၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များဖြစ်သည့် ပုလော၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ကလေး၊ လွိုလင်၊ စစ်ကိုင်း၊ စဉ့်ကိုင်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ကျိုက်လတ်၊ သုံးခွ၊ ဝါးခယ်မ၊ ကျွန်းလှ၊ သဲကုန်း၊ ဘိုကလေး၊ မချမ်းဘော၊ အိမ်မဲ၊ တမူး၊ လဲချား၊ ဇီးကုန်း၊ ကျောက်တံတား၊ ကြည့်မြင့်တိုင်၊ သံဖြူဇရပ်၊ မိုးနဲ့၊ သနပ်ပင်၊ တပ်ကုန်း၊ ကော့မူး၊ ကျောက်တန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ နတ်တလင်း၊ သရက်ချောင်း၊ ရွှေပြည်သာ၊ လက်ပံတန်း၊ သထုံ၊ မိုင်းရှူး၊ မိုင်းတုံ၊ မူဆယ်၊ မြင်းခြံ၊ ကမာရွတ်၊ လသာ၊ ပင်တယ၊ မင်းလှ၊ ကျိုက်ထို၊ မုဒုံ၊ ဆိပ်ကြီးခနောင်တို၊ ဒေါပုံ၊ သုံးခွ၊ ဇလွန်၊ ကျောက်ဆည်၊ ကျိုင်းလပ်၊ ဒေးဒရဲ၊ တာမွေ၊ ပျော်ဘွယ်၊ မအူပင်၊ ကြံခင်း၊ မိုင်းခတ်၊ ပေါက်၊ မောက်မယ်၊ ဓနုဖြူ၊ တာချီလိတ်၊ ဟိုပုံး၊ ပြည်၊ မိတ္ထီလာ၊ ချောင်းဆုံ၊ သရက်၊ နန်းယွန်း၊ စလင်း၊ ပူတာအို၊ ကြို့ပင်ကောက်၊ လင်းခေး၊ ကံမ၊ ပုသိမ်ကြီး၊ ပန်းတနော်၊ အင်းစိန်၊ ကျောက်ပန်းတောင်း၊ ပေါင်းတည်၊ ဒဂုံ၊ အောင်လံ၊ မော်လမြိုင်ကျွန်း၊ ညောင်ဦး၊ ဆီဆိုင်၊ သန်လျင်၊ ထားဝယ်၊ ကသာ၊ မိုင်းကိုင်၊ မိုင်းဖြတ်၊ ပခုက္ကူ၊ ဖျာပုံ၊ ဆိပ်ဖြူ၊ နောင်မွန်း၊ ကော့သောင်း၊ ကိုကိုးကျွန်း၊ ကဝ၊ ရေနံချောင်း၊ မိုင်းပန်၊ ရေး၊ ဒက္ခိဏသီရိ၊ ပွင့်ဖြူ၊ ဒလ၊ အလုံ၊ တံတားဦး၊ ကွန်ဟိန်း၊ အုတ်ဖို၊ စေတုတ္တရာ၊ ဘီးလင်း၊ ပေါင်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ ကျောက်တံခါး၊ ဝေါ၊ ညောင်တုန်း၊ ပင်လောင်း၊ လှိုင်းဘွဲ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ သာစည်၊ ကွမ်းခြံကုန်း၊ ဖယ်ခုံ၊ နတ်မောက်၊ ပုဇွန်တောင်၊ ကေ့ာကရိတ်၊ ကမမောင်း၊ ရေစကြို၊ မြစ်သား၊ ငဖဲ၊ ကန့်ဘလူ၊ နမ့်စန်၊ ချမ်းမြသာစည်၊ ရပ်စောက်၊ ညောင်လေးပင်၊ ဖောင်းပြင်၊ ကျောက်ကြီး၊ မြောက်ဥက္ကလာပ၊ ရေဖြူ၊ အုတ်တွင်း၊ ကျောင်းကုန်း၊ ကျုံပျော်၊ ငရုတ်ကောင်း၊ မတ္တရာ၊ ဖြူး၊ ငပုတော၊ ကန်ကြီးထောင့်၊ တွံတေး၊ ပန်းဘဲတန်း၊ ရန်ကင်း၊ ရွှေကျင်၊ ဂန့်ဂေါ၊ တောင်သာ၊ တောင်ငူ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ လမ်းမတော်၊ ကလေး၊ တန့်ယန်း၊ မက်မန်း၊ ထန်းတပင်၊ မရမ်းကုန်း၊ ခန္တီး၊ ငါန်းဇွန်၊ လားရှိုး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ကလော၊ ရေတာရှည်၊ လှိုင်သာယာ(အနောက်ပိုင်း)၊ မဟာအောင်မြေ၊ မိုင်ဆတ်၊ သာကေတ၊ ရွှေဘို၊ စမ်းချောင်း၊ သင်္ဃန်းကျွန်းနှင့် ဗဟန်းမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၁၀၅)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့ကြသည်။
ထို့နောက် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုန်း၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီး တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။