ဟင်္သာတ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာ၌ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရွာသာကုန်း ကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာကွန်ကရစ် Wheel TracK လမ်းဖဲကြိုးဖြတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ လမ်းသစ်ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်း၊ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းကိုယ်စား လက်ထောင်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးမြင့်နှင့် ဝန်ထမ်းများ ၊ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါ လမ်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်း၊ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းတို့မှ ကုန်းကြီးကျေးရွာ ကွန်ကရစ် Wheel TracK လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တက်ရောက် လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ကုန်းကြီး ကျေးရွာ ကွန်ကရစ် Wheel Track လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့သည်။
ယနေ့ဖွင့်လှစ်ပေးခဲ့သော ကုန်းကြီးကျေးရွာ ကွန်ကရစ် Wheel Track ၂(၇၂၀’x ၂.၅’ x၆”)လမ်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် စီမံကိန်းထောက်ပံ့ငွေကျပ် (၁၅.၀)သန်း၊ ဒေသခံပြည်သူထည့်ဝင်ငွေကျပ် (၅.၀)သန်းတို့ဖြင့် ၃၀.၆.၂၀၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ဘက်စုံအသုံးဝင်သော လမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)