အောင်လံမြို့နယ်၌ MEVM မဲပေးစက် Installation နှင့် ဘက်ထရီတပ်ဆင်ခြင်းဆိုင်ရာ သင်တန်း (ဆင့်ပွား)ပို့ချ

အောင်လံ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ MEVM မဲပေးစက် Installation နှင့် ဘက္ထရီ တပ်ဆင်ခြင်းဆိုင်ရာ သင်တန်း(ဆင့်ပွား)ပို့ချမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း များဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်း ကာလများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲအကြိုကာလဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတစ်ခုဖြစ်သည့် MEVM မဲပေးစက် Installation နှင့် ဘက်ထရီ တပ်ဆင်ခြင်းအပိုင်းကို သိရှိနားလည်တတ်ကျွမ်းစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆရာ(၃)ဦးမှ ဌာနဆိုင်ရာ (၃၀) ဌာနမှ သင်တန်းသား၊ သင်တန်းသူ (၆၀) ဦးအား လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး၊ သင်တန်းသား/သူများက လုပ်ငန်းစဉ်အဆင့် ဆင့်အား စနစ်တကျသေချာစွာ လေ့လာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အာကာ