ဓနုဖြူ နိုဝင်ဘာ ၁၃
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်အုပ်စု၊ မြန်မာစုကျေးရွာတွင်(၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီအဖွဲ့များမှ ကြိုဆိုတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ပြီး စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပြီး၊ ကျေးရွာအတွင်း မီတာတပ်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ကုန်းတန်းမြောက်ကျေးရွာအုပ်စုရှိ တောင်သူများသို့ ၂၀၂၅-၂၀၂၆ ဆီထွက်သီးနှံ (နေကြာ၊ ပဲပုတ်)မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ခြင်းများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းတန်းတောင်အုပ်စု၊ တကုတ်ချောင်းကျေးရွာရှိကျားချောင်း-တကုတ်ချောင်း ကျေးရွာချင်းဆက် တကုတ်ချောင်း ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားသို့ သွားရောက်ကာ တကုတ်ချောင်း ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနား ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းတန်းတောင်အုပ်စု၊ ကျားချောင်းကျေးရွာရှိအ.လ.က(ကျားချောင်း)နှင့် ကုန်းတန်းတောင်အုပ်စု၊ တော်ဝကျေးရွာရှိ အ.ထ.က(တော်ဝ)ကျောင်းများသို့ သွားရောက်ကာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံ၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သပြုအုပ်စု၊ ဝါးရုံချောင်းရွာမကျေးရွာတွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိပြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခြင်း၊ လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖြန်းခြင်း၊ ကျေးရွာအတွင်း မီတာတပ်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝါးရုံချောင်ရွာမကျေးရွာရှိ တောင်သူများသို့ ၂၀၂၅-၂၀၂၆ ဆီထွက်သီးနှံ (နေကြာ၊ ပဲပုတ်)မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)