စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့ရှေ့ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် သီတင်းသုံးတော်မူနေကြသည့် သက်တော်ရှည် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်/သံဃာတော်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများအား အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။  

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကန့်ဘလူ ခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား Power  Point ဖြင့် ရှင်းလင်းတင်ပြပြီး မြိုမိမြို့ဖတစ်ဦးက ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းပေးလိုမှု လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စီချိန်စံညွှန်းမီ အရည် အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများ စားရေရိက္ခာဖူ လုံစေရေးအတွက် ခရိုင်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးထားသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အတွက် အလေးထားဆောင်ရွက်သွားကြရန်နှင့် မကြာမီကျင်းပတော့မည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှု မရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရန်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး မြို့မိမြို့ဖများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များ၊ လုမှုရေး အသင်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် - ၁၀ သိန်းစီအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာ တီးခတ်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး ဂုတ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ကာ ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် - ၁၀ သိန်းစီအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)