ကော့သောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  (တတိယအကြိမ်) မတည်ထုတ်ချေးငွေများပေးအပ်

ကော့သောင်း နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမှချေးငွေလျှောက်ထားသူများအား (တတိယအကြိမ်) မတည်ထုတ်ချေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့် က လမ်းညွှန်အမှာစကားပြောကြား၍ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 ယင်းနောက်  ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးချေးငွေ ပြန်လည် ပေးဆပ်ရန်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့် တာဝန်ရှိသူများက

ကော့သောင်းခရိုင်အတွင်း  စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီသို့ ချေးငွေလျှောက်ထားလာသူ၊တောင်သူ (၁၅)ဦးအား လိုအပ်သည်များစိစစ်၍ ချေးငွေသဘောတူစာချုပ်များ ချုပ်ဆိုကာ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေမတည် ထုတ်ချေးငွေများ ကျပ်သန်း(၂၇၂)သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီ အဖွဲ့ဝင်များ ၊မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကော့သောင်း မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသော တောင်သူများတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)