ဘုတ်ပြင်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဘုတ်ပြင်း နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဒုတိယအကြိမ်မဲစာရင်းတွင်ပါရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မကြာမီကြေညာမည့် ဒုတိယအကြိမ် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်‌/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံရေး ပါတီများဖြင့် စစ်ဆေးဆောင်ရွက်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာမည်ဖြစ်ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)