တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ခရိုင်အတွင်း ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ် ပြောင်းနှင့် မြေပဲ) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲ တက်ရောက်

မြိတ်  နိုဝင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၃)ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲ ရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲ) စိုက်ပျိုး မည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲ တက်ရောက်သည်။

ပေးအပ်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများမှ ထုတ်ကုန်များ ပိုမိုတိုးတက်ရရှိရေးအတွက် အဓိကသီးနှံများ လျာထား ချက်ပြည့်မီရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ တစ်နှစ်သုံးသီး အထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးတွန်းအားပေး ဆောင်ရွက်နေချိန်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးသည့် သီးနှံများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား နှစ်ဆမှသုံးဆအထိရရှိအောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် မိမိတို့မိသားစု ဝင်ငွေတိုးစေနိုင်သလို နိုင်ငံတော်အတွက်လည်း စီးပွားဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်း၊

မြိတ်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်များမှာ သီးထပ်စွမ်းအားတိုးတက်ရရှိရေးနှင့် အဓိကသီးနှံများ၏ တစ်ဧက အထွက်နှုန်းရရှိရေးအတွက် မတ်ပဲ၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံများအတွက် ဒေသရေမြေရာသီဥတုနဲ့ ကိုက်ညီ သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် သဘာဝမြေဩဇာများကို အကျိုးဆောင်တောင်သူများအား ဖြန့်ဖြူးပေး ခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရှေးရှု ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ယနေ့ပေးအပ်သည့် သွင်းအားစုမျိုးစေ့နှင့် သဘာဝမြေဩဇာများကို တောင်သူများ အနေဖြင့် ထိထိမိမိအသုံးချပြီး မိမိတို့စိုက်ပျိုးထားရှိသည့် သီးနှံများ၏ တစ်ဧက အထွက်နှုန်း တိုးတက် ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက် က ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ် ပြောင်းနှင့် မြေပဲ) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝ မြေဩဇာများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အကျိုးဆောင်တောင်သူများအား ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ် ပြောင်း၊မြေပဲ) မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ကြသည်။

ယင်းနောက် အကျိုးဆောင်တောင်သူများ ကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆောင်းသီးနှံမျိုးစေ့များ ပေးအပ်ရာတွင် မြိတ်ခရိုင်အတွင်းရှိ မတ်ပဲစိုက်အကျိုးဆောင်တောင်သူ(၂၈၁)ဦးအား မတ်ပဲမျိုးစေ့(၁၄၆.၆၂၅)တင်း၊ မြေပဲစိုက်အကျိုး ဆောင်တောင်သူ(၄)ဦးအားမြေပဲ(၂၄)တင်း၊ အစေ့ထုတ်ပြောင်း စိုက်အကျိုးဆောင် တောင်သူ(၂၇)ဦးအား အစေ့ထုတ်ပြောင်း မျိုးကောင်းမျိုးသန့် (၃၀၀)ကီလိုနှင့် သဘာဝမြေဩဇာ အိတ်(၁၀၀)တို့ကို ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )