ပြည် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လေ့ကျင့်ဆောင်ရွက်မှုကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူ ဦးရဲနီထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ထက်ထက်အောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားကာ မြို့နယ်ကော်မရှင်ဝန်ထမ်းများက မဲပေးစက်တပ်ဆင်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်သော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာပေါင်းစုံမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို တစ်ဦးချင်း လက်တွေ့စမ်းသပ် လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)