တောင်ငူ နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အမှတ် (၁၆) ရပ်ကွက်၊ မြို့မစျေးကြီးရှိ စျေးရောင်းစျေးဝယ်ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ တောင်ငူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက မြို့မစျေးကြီးအတွင်းရှိ နေရာ(၃) နေရာ၌ ဈေးဆိုင်ခန်းပေါင်း(၁၀၃၂)ခန်းမှ စျေးရောင်းစျေးဝယ်ပြည်သူများ စုစုပေါင်းအင်အား (၃၁၅၀)ဦးခန့်အား မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းကို ရှင်းလင်းပြောကြားပြီး စျေးရောင်းစျေးဝယ်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)