စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်း  နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်    တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာကောင်းမှုတော်ဘုရားကြီးနှင့်ပိုးတန်းရပ်ကွက်ရှိ ထူပါရုံဘုရားဘက်စုံပြန် လည်ပြုပြင်မွမ်းမံရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့်တာဝန်ရှိသူများသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရုံးဝင်းအတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်   ထိခိုက်ပြိုကျပျက် စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိနေအိမ်အဆောက်အဦများအတွက် ဘိလပ်မြေ၊ သွပ်၊ သံချောင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်နေမှုအား ကြည့်ရှုပြီးပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)