၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက် မည့် သင်တန်းသား/ သူများအာ

ပဲခူး နိုဝင်ဘာ ၁၄     

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပြည်ထောင်စု တိုင်းရင်းသားလူ မျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့် အခမ်းအနား ကျင်းပပြုလုပ်သည်။         

ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/ သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။         

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မောင်တို့မယ်တို့ သွားရောက်ပညာသင်ကြားရမည့် တက္ကသိုလ်နှင့်ဒီဂရီကောလိပ်အား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလျက်တိုင်းရင်းသားများ စုပေါင်းပြိး တစ်နေရာတည်းပညာသင်ယူနိုင်ရေး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်၍ မိမိတို့လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့အစဉ်အလာကောင်းများကို နှီးနှောဖလှယ်ပြီး စည်းရုံးမှုကို ယူရသွားရမှာဖြစ်ကြောင်းနှင့် ပို့ချတဲ့ပညာရပ်များကို ထူးချွန်တတ် မြောက်အောင် လေ့လာဆည်းပူးသင်ယူကြရမှာဖြစ်ကြောင်း၊ သင်တန်း များပြီးဆုံး၍ မိမိတို့လုပ်ငန်း ခွင်ဝင်သည့်အခါ သင်ယူခဲ့ရသည့် ပညာရပ်များကို အကျိုးရှိရှိ အသုံးချပြီးတိုင်းပြည်၏အနာဂတ်၊ တိုင်းရင်းသားတို့၏အနာဂတ်ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားရန်နှင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် အမျိုးသားပညာရေး ကဏ္ဍကို အစဉ်အလေးထား မြှင့်တင်ပေးကြရမှာဖြစ်ကြောင်း၊ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သင်တန်းသား/သူများကို လည်း ညီအစ်ကို မောင်နှမလို သဘောထားပြီး တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က ကူညီ ဖြေရှင်းကာ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နေထိုင်သွားကြစေလိုကြောင်း၊ နောင်အနာဂတ်တွင်တိုင်းပြည်၏ တာဝန်တွေကို ပုခုံးပြောင်းတာဝန် ယူကြရမည့် ကလေးတွေရဲ့ဘဝကို ထုဆစ်ပုံဖော်ပေးကြရမယ့် ဆရာ/ဆရာမ များဖြစ်လာကြမှာဖြစ်သည့်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိပြီး ဆရာ့ဂုဏ်အင်၊ ဆရာ့သိက္ခာ နှင့်အညီ နေထိုင်ပြီး တိုင်းရင်းသားများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။         

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) တက်ရောက်မည့် သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေကျပ်(၆၆) သိန်းအား ချီးမြှင့်ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)