သရက်ချောင်း နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်၍ တာရှည်ခံဆေးစိမ်ခြင်ထောင်များအား သရက်ချောင်းမြို့နယ် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးအဖွဲ့တာဝန်ခံ ဆရာဦးဇော်လွင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့မရပ်ကွက်အတွင်းရှိ ပြည်သူများထံ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့ တာဝန်ခံဆရာဦးဇော်လွင်ဦးဆောင်မှုဖြင့် ဆရာ/ဆရာမများက သရက်ချောင်းမြို့ရှိ ရွှေ့ပြောင်းလုပ်သားများ၊ ယာယီစစ်ဘေးရှောင်ပြည်သူများအား ခြင်ကိုက်ခြင်းမှတစ်ဆင့်ဖြစ်ပွားတတ်သော ရောဂါများကြိုတင်ကာကွယ်နိုင်ရန် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု ၂၇စု လူဦးရေ ၁၁၇ ဦးတို့အတွက် တာရှည်ခံဆေးစိမ်ခြင်ထောင် ၇၅ လုံးကို အိမ်တိုင်ရာရောက် အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။
နန်းခလိုက်(ပြန်/ဆက်)