ပေါက်ခေါင်း နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းများကို ရှင်းလင်းဟောပြောပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းတို့ကိုလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)