ကလေး နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြခံပညာအထက်တန်းကျောင်း မဲရုံများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေးမောင်ထန်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် မဲရုံများတွင် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုခြင်း၊ မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် ဆီမီးလောင်မှုအား မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများကို သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)