ရေတာရှည် နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က ရေတာရှည်အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မဲရုံမှူးက မဲစတင်ပေးနိုင်ပြီဖြစ်ကြောင်း သရုပ်ပြကြေညာပြီးနောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြပြီး မဲရုံမှူးမှ မဲပေးစက်ဖြင့် မဲလက်မှတ်စစ်ဆေးခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)