ပဲခူး နိုဝင်ဘာ ၁၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စိစစ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မဲဆန္ဒရှင်စာရင်းများစိစစ်မှုလုပ်ငန်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးအုပ်စု စာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မဲစာရင်းပြည့်စုံမှန်ကန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)