တနင်္သာရီမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင် ပါရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

တနင်္သာရီ နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်းဒေကြီး၊ တနင်္သာရီမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး ဒုတိယအကြိမ် မဲစာရင်းတွင်ပါရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မကြာမီကြေညာမည့် ဒုတိယအကြိမ်မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက်  မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်‌/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများဖြင့် စစ်ဆေးဆောင်ရွက်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)