ဘားအံမြို့တွင် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်မိတ်ဆက်

ဘားအံ နိုဝင်ဘာ ၁၂

မြန်မာသတင်းမီဒီယာသမားများအတွက်၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိလမ်းရှိ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား‌‌ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ကရင်ပြည်နယ်တာဝန်ခံ ဦးအောင်ကြည်(အောင်ကြည်ညွန့်-တက္ကသိုလ်)က မိတ်ဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဦးစိန်တိုး (ဆန်းလင်း)က လမ်းညွှန်စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြား‌ရေးမှူး ဦးမောင်မောင်ထံသို့  လမ်းညွှန်စာအုပ်များပေးအပ်သည်။

အခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၊ ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြား‌ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်သတင်းသမားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ပြည်နယ် ပြန်/ဆက်